စစ်တွေခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ကွန်ပျူတာသင်တန်းသို့ အလှူငွေများလှူဒါန်း

 

ယမန်နေ့ သြဂုတ် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပါတီကော်မတီနှင့် အရံကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ပါတီလူငယ်ရေးရာအဖွဲ့မှ ဦးဆောင်၍ ပုဏ္ဏားကျွန်း မြို့ပေါ်ရှိ လောကမာရဇိန်ဘုရား၌ သင်ကြားပို့ချမည့် ကွန်ပျူ တာသင်တန်းတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းနိုင်ရေး အတွက် စစ်တွေခရိုင်ပါတီမှ လှူဒါန်း သည့် အလှူငွေငါးသောင်းကျပ်အား စစ်တွေခရိုင်ကော်မတီဝင် ဦးသာထွန်းအေး (မြို့နယ် တာဝန်ခံ) မှ ပေးအပ် ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမောင် ကျော်တင်၊ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးမောင်ကျော်ဇံတို့မှ လက်ခံရယူခဲ့ ကြောင်း သိရသည်။

#ခိုင်ဖြိုး(ပုဏ္ဏားကျွန်း)