အမျိုးသမီးရေးရာက အိတ်ထိုး ပန်းထိုးသင်တန်းဆင်းပွဲ အခမ်းအနား

 

ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် စက်ကလေးကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂစာရအား အမှူးထား၍ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ရေးရာအဖွဲ့၏ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စက်ကလေးကျေးရွာ၌ အိတ်ထိုး ပန်းထိုး သင်တန်းဆင်းပွဲကို ယနေ့လည် ၃ နာရီက ကျင်းပခဲ့ကြသည်။
အဆိုပါသင်တန်းသို့ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ခရိုင်ကော်မတီဝင် သင် တန်းနည်းပြ ဒေါ်လဲ့လဲ့အောင်၊ တွံတေးမြို့ နယ်ပါတီအတွင်းရေးမှူး ဦးတင်ဝင်းထွန်း၊ အမျိုးသမီးရေးရာတာဝန်ခံဒေါ်ညွန့်ညွန့်သိန်း၊ မြို့နယ်ကော်မတီဝင် ဦးမြသောင်း၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌနှင့် အမျိုးသမီး ရေးရာတာဝန်ခံများ၊ သင်တန်းသူများတက် ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းအား သုံးရက်ကြာဖွင့် လှစ်ခဲ့ပြီး သင်တန်းသူ၁၅ဦးတက် ရောက် သင်ကြားကြကြောင်း သိရသည်။