သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းဝေးကို ဇွန်လ (၃၀) ရက် နံနက် (၈) နာရီ (၄၅) မိနစ် အချိန်မှ ညနေ (၅) နာရီအချိန်အထိ သံတွဲခရိုင်ပါတီရုံးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

13557940_401019173406549_6451692668901543023_n

အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေက ဆောင်ရွက်ပြီး အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။

သဘာပတိအဖွဲ့ဝင်များအဖြစ် မြို့နယ်ပါတီနာယက ဦးလှဟန်၊ ပြည်နယ်ပါတီ
ကော်မတီဝင် ဦးတင်မောင်သန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဖိုးရီးအောင်နှင့် ခရိုင်ပါတီကော်မတီဝင် ဒေါ်ဝင်းမင်းမာထွန်း တို့က ဆောင်ရွက်ကာ ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ရွေးချယ်ခဲ့ကြသည်။

သံတွဲမြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးစန်းနိုင်၊ အတွင်းရေးမှူးအဖြစ် ဦးကြည်ရွှေ နှင့် ဘဏ္ဌာရေးမှူးအဖြစ် ဦးရဲမြင့်နှင့် ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များအား အသီးသီး ရွေးချယ်တာဝန် ပေးအပ်ခဲ့သည်။

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးသို့ ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ စုစုပေါင်း အင်အား (၁၆၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စဓဗဝ


Leave a Reply