ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီ စည်းရုံးရေးရာ၊ သတင်းမီဒီယာနှင့် ပညာရေးနှင့်သုတေသနရေးရာ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးရာ၊ သတင်းမီဒီယာနှင့် ပညာရေးနှင့် သုတေသနရေးရာ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘယ (၁၄) ရက် နေ့လည် (၁) နာရီအချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီရုံး၌ ကျင်းပဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါတွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းပါတီကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးမင်းသိန်း၊ သတင်းမီဒီယာတာဝန်ခံ ဦးတင်လှိုင်၊ ပညာရေးနှင့်သုတေသနရေးရာတာဝန်ခံ ဒေါ်သင်းသင်းမိုး၊ ရန်ကုန် မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယု၊ အတွင်းရေးမှူး ဦးလင်းထွန်း၊ ဘဏ္ဍရေးမှူး ဒေါ်ကြည်ကြည်ထွေးနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ မြောက်ပိုင်းခရိုင် မြို့နယ်အသီးသီးမှ မြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်အတွင်းရေး မှူးများ၊ ရေးရာ အလိုက်တာဝန်ခံများ တက်ရောက်ကာ ပါတီ၏ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပါတီ၏ ရှေ့ဆက် လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

# Tin Maung Zaw


Leave a Reply