ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရပ်ကျေး လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ

 

ငါန်းဇွန် ဇွန် ၁ဝ

မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး လစဉ်ပုံမှန် အစည်းဝေးကို မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီမှမွန်းလွဲ ၁ နာရီအထိ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေ တာဝန်ခံ ဦးမြတ်သူက အဖွင့်အမှာစကား ပြောကြားပြီး မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်က လက်ရှိနိုင်ငံရေး အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော မြို့နယ်ပါတီ ကော်မတီဝင်များက နယ်မြေတစ်ခုချင်းစီ၏ အခြေ အနေကို တင်ပြခဲ့ပြီးနောက် ရပ်/ကျေး ပါတီဥက္ကဋ္ဌများက မိမိတို့ကျေးရွာ အခြေအနေကို တင်ပြဆွေးနွေးခဲ့ကြပြီး ငါန်းဇွန်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ ကော်မတီဝင် မြင်းခြံခရိုင်နယ်မြေ တာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ ငါန်းဇွန်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကို၊ မြို့နယ် အတွင်းရေးမှူး ဦးစိုးနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  သုတ