ပါတီဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်အားပေး

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၂၃ရက် မွန်းလွဲ ၃ နာရီတွင် မုံရွာမြို့ပေါ်ရပ် အိုးဘိုတောင်ရပ်ကွက်နေ ပါတီမိတ်ဆွေနေအိမ်၌ ကျင်းပသည့် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်၏ ရပ်ကွက်နေ မိဘ ပြည်သူ များနှင့် တွေ့ဆုံမဲဆွယ် စည်းရုံးပွဲသို့လိုက်ပါပြီး အားပေးခဲ့သည်။

ဦးစွာ ပါတီဗဟိုဦးဆောင် ကော်မတီဝင်မှ ပါတီကိုယ်စားလှယ် လောင်း ဒေါက်တာ ဝင်းမြင့်အောင် နှင့် ရပ်ကွက်နေမိဘပြည်သူများ အား မိတ်ဆက်ပေးခဲ့ပြီး ဆက်လက်၍ ကိုယ်စားလှယ်လောင်းမှ မဲဆွယ်စည်းရုံးဟောပြောခဲ့ရာ အိုးဘိုတောင်ရပ်ကွက်နေ မိဘပြည်သူ ၇၅ ဦးခန့် တက်ရောက်နားထောင်ခဲ့ကြသည်။

အဆိုပါ မဲဆွယ်စည်းရုံးပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း (ဗဟို အလုပ်အမှုဆောင်)၊ ဗဟိုကော်မ တီဝင်များဖြစ်ကြသည့် ဦးမင်းမင်း ဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ် ရေး)၊ ဒေါ်သိင်္ဂီဝင်းရွှေ (တိုင်း ဒေသကြီး ပါတီဘဏ္ဍာရေးမှူး)၊ တိုင်းဒေသကြီးပါတီအလုပ်အမှုဆောင် ဒေါ်ယဉ်မာဝင်း(တိုင်းဒေသကြီး ပါတီစာရင်းစစ်)၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ်ပါတီတို့မှ တာဝန်ရှိ သူများ လိုက်ပါအားပေးခဲ့ကြောင်း သိရသည်။

အေးဇေယျာ