ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီအဖွဲ့များအား ကွင်းဆင်းတွေ့ဆုံ

 

ပြည်ကြီးတံခွန် ဇွန် ၁ဝ

ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြို့နယ်အတွင်းရှိရဲ ဘော်စိုက်ကွင်း အနောက်ရပ်ကွက် နယ်မြေတာဝန်ခံ မြို့နယ်ကော်မတီ ဝင်ဦးကျော်လွင် နေအိမ်သို့ သွားရောက်၍ ရပ်/ကျေးပါတီအဖွဲ့များအား ကွင်းဆင်းတွေ့ဆုံ ခဲ့သည်။

ထိုသို့ ကွင်းဆင်းတွေ့ဆုံရာတွင် ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး ပါတီကော်မတီဝင် မန္တလေးခရိုင် တွဲဖက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ ခရိုင်ပါတီကော်မတီဝင် ပြည်ကြီးတံခွန် မြို့နယ်နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ငြိမ်း၊ ပြည်ကြီးတံခွန် မြို့နယ်ဥက္ကဋ္ဌ ဦးစိုးအေး၊ မြို့နယ် ကော်မတီဝင်များ၊ ချမ်းမြသာယာရပ်ကွက်မှ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး ပါတီဝင်အင်အားများ ကျစ်လျစ် ခိုင်မာရေး၊ ပါတီဝင်သစ်များ စည်းရုံးရရှိရေး၊ ပြည်သူလူထု အခက်အခဲများကို တတ်စွမ်းသည့်ဘက်မှ ကူညီ ဆောင်ရွက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ မိမိတို့ ပြည်ခိုင်ဖြိုးပါတီ၏ ဆောင်ရွက် ချက်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

သုတ