အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ချန်ပီယံဖလား သိမ်းပိုက်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး 4 – 1 အာဆင်နယ်

ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေပြီး ဒုတိယပိုင်းစလို့(၅)မိနစ်မှာ အီမာဆင်ရဲ့ ဖြတ်တင်ဘောကို ဂီယော့ က အနိမ့်ဘောခေါင်းတိုက်ပြီး ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးရယူခဲ့တယ်။ ပွဲချိန်မိနစ် (၆၀) မှာလည်း ဟာဇက် ခင်းပေးတဲ့ ဘောလုံးကို ပက်ဒရိုက ပိတ်သွင်းပြီး ဒုတိယဂိုးရပြန်တယ်။ အဲဒီနောက် (၆၅)မိနစ်မှာ ဟာဇက်က သူ့ကြောင့်ရတဲ့ ပင်နယ်တီကို အမှားအယွင်းမရှိကန်သွင်းပြီး တတိယဂိုးသွင်းယူပြန်တယ်။ (၆၉)မိနစ်မှာတော့ အာဆင်နယ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို အိုင်ဝိုဘီက ပင်နယ်တီဧရိယာ အပြင်ကနေ ကန်သွင်းခဲ့တယ်။ ဒါပေမယ့်(၇၂)မိနစ်မှာတော့ ဂီယော့နဲ့ ဟာဇက် တို့ရဲ့ ၀မ်းတူး တွဲလုံးကနေ ဟာဇက်ကပဲ ချဲလ်ဆီးအတွက် စတုတ္ထဂိုးရယူသွားခဲ့တယ်။ ဟာဇက်​ဟာ ၁၉၉၁ ခုနှစ်​ Cup Winners’ Cup ပွဲမှာ ဘာစီလိုနာဘက်​ကို ၂ ဂိုးသွင်းခဲ့တဲ့ မန်​ယူကစားသမား မက်​ဟုခ်ျ​​နောက်​ပိုင်း ယူအီးအက်​ဖ်​​အေကကျင်းပတဲ့ ပြိုင်ပွဲကြီး တစ်​ရပ်​ရဲ့ ​ဗိုလ်​လုပွဲမှာ အင်္ဂလန်​ကလပ်​အသင်းအတွက်​ ၂ ဂိုးသွင်းနိုင်​​ပေးတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်​။ အာဆင်​နယ်​ဟာ ၂၀၀၆ ခုနှစ်​က ယူအီးအက်​ဖ်​​အေဖလားပြိုင်​ပွဲမှာ ဆီဗီလာကို ၄ ဂိုးပြတ်​ ရှုံးနိမ့်ခဲ့တဲ့ မစ်​ဒယ်​ဘ​ရော့အသင်းေ​နာက်​ပိုင်း ဒီပြိုင်​ပွဲရဲ့ ​ဗိုလ်​လုပွဲမှာ ၄ ဂိုး​ပေးရတဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်​။

-Ref:Skysports