အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ချန်ပီယံဖလား သိမ်းပိုက်ခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီး 4 – 1 အာဆင်နယ်
ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေပြီး ဒုတိယပိုင်းစလို့(၅)မိနစ်မှာ အီမာဆင်ရဲ့ ဖြတ်တင်ဘောကို ဂီယော့ က အနိမ့်ဘောခေါင်းတိုက်ပြီး ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးရယူခဲ့တယ်။ ပွဲချိန်မိနစ် (၆၀) မှာလည်း ဟာဇက် ခင်းပေးတဲ့ ဘောလုံးကို ပက်ဒရိုက ပိတ်သွင်းပြီး ဒုတိယဂိုးရပြန်တယ်။ အဲဒီနောက် (၆၅)မိနစ်မှာ ဟာဇက်က သူ့ကြောင့်ရတဲ့ ပင်နယ်တီကို အမှားအယွင်းမရှိကန်သွင်းပြီး တတိယဂိုးသွင်းယူပြန်တယ်။ (၆၉)မိနစ်မှာတော့ အာဆင်နယ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို အိုင်ဝိုဘီက ပင်နယ်တီဧရိယာ အပြင်ကနေ ကန်သွင်းခဲ့တယ်။ ဒါပေမယ့်(၇၂)မိနစ်မှာတော့ ဂီယော့နဲ့ ဟာဇက် တို့ရဲ့ ၀မ်းတူး တွဲလုံးကနေ ဟာဇက်ကပဲ ချဲလ်ဆီးအတွက် စတုတ္ထဂိုးရယူသွားခဲ့တယ်။ ဟာဇက်ဟာ ၁၉၉၁ ခုနှစ် Cup Winners’ Cup ပွဲမှာ ဘာစီလိုနာဘက်ကို ၂ ဂိုးသွင်းခဲ့တဲ့ မန်ယူကစားသမား မက်ဟုခ်ျနောက်ပိုင်း ယူအီးအက်ဖ်အေကကျင်းပတဲ့ ပြိုင်ပွဲကြီး တစ်ရပ်ရဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်ကလပ်အသင်းအတွက် ၂ ဂိုးသွင်းနိုင်ပေးတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ အာဆင်နယ်ဟာ ၂၀၀၆ ခုနှစ်က ယူအီးအက်ဖ်အေဖလားပြိုင်ပွဲမှာ ဆီဗီလာကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မစ်ဒယ်ဘရော့အသင်းနောက်ပိုင်း ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ၄ ဂိုးပေးရတဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
-Ref:Skysports