ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ညောင်တုန်းမြို့နယ် ထိပ်ဝကြီးကျေးရွာအုပ်စုရှိ ပြည်သူများ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ထိပ်ဝကြီးကျေးရွာအုပ်စု ရှမ်းစုကျေးရွာသို့ ရောက်ရှိကာ ရှမ်းစုကျေးရွာ အားကစားကွင်၌ ထိပ်ဝကြီးကျေးရွာအုပ်စုရှိ ပြည်သူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံအလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြသန်းမှ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖ နှစ်ဦးဖြစ်သည့် ဦးစိုးကြည်နှင့် ဦးသန်းထွန်းမှ ဒေသဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများမှ ရခိုင်အရေးကိစ္စ၊ ပညာရေးဆိုင်ရာကိစ္စများ၊ အမျိုးဘာသာ သနာရေးရာကိစ္စများ၊ တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး မေးမြန်းကြရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ရှင်းလင်းဖြေကြားပြီး အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမူဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်တင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် သိန်းထွန်းဦး၊ ဒေါက်တာထိန်ဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ ပြည်သူများ၊ ပါတီဝင်များ၂၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။