လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

လှည်းကူး၊ မေ ၉

ရန်​ကုန်​တိုင်း​ဒေသကြီး၊ ​မြောက်​ပိုင်းခရိုင်​ လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယ​နေ့နံနက် ၁ဝ နာရီက လှည်းကူးမြို့နယ် ပါတီရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်း​ကော်​မတီဝင်​ ဦးခင်​​မောင်​တင့့် ခရိုင်ပါတီ​ကော်မတီဝင်၊ တိုင်းပါတီ​ပြော​ရေးဆိုခွင့်​ ဦးဝင်းစိုး၊ ခရိုင်​​ကော်​မတီဝင်​​၊ လှည်းကူးမြို့နယ်​ တာဝန်​ခံ ဒေါ်ချမ်းမြ​အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြတ်​စိုး၊ အတွင်းေ​ရးမှူး ဦးကျော်​​ဌေး၊မြို့နယ်​​ ကော်မတီဝင်များနှင့်​ အရန်ကော်မတီဝင်များ တက်ရောက်ကြပြီး မြို့နယ်ပါတီ၏ လက်ရှိ စည်းရုံး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။