ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး ပါတီကော်မတီနှင့် မကွေးမြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများ တွေ့ဆုံပွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်း ဒေသကြီးပါတီကော်မတီနှင့် မကွေးမြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က တိုင်းဒေသကြီပါတီ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီပါတီ ဥက္ကဌ မှ ပါတီဌာနချုပ်၏ လမ်းညွှန်(၂၁)ချက်ပါ လုပ်ငန်းစဉ်များ ရှင်းလင်း ခြင်း၊ တိုင်းဒေသကြီပါတီအတွင်းရေးမှူး မှ ရက်(၉၀)ပါ လုပ်ငန်းစီမံချက်များ ရှင်းလင်းခြင်း၊ တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး မှ PR စနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းများ ဆောင်ရွက်ပြီး ၁၁၃၀ နာရီ အချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း နှင့် အစည်းအဝေးသို့ တိုင်းဒေသကြီပါတီဥက္ကဌ ဒေါက်တာမောင်ဌေး၊ တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီပါတီ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးအောင်သိန်းကျော် ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးတင်မျိုးဇော်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမျိုးဇော်အောင်၊ ဘဏ္ဍာရေးမှူး ဦးတင်ဌေးအောင် နှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအုပ်စုပါတီဥက္ကဌများ  တက်ရောက်ကြောင်း သိရသည် ။