ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွာခွဲပါတီဥက္ကဋ္ဌများ ပါတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန် မေ ၈

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ဒေါင့်ကြီးကျေးရွာ အုပ်စုတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးကျော်စိုး အိမ်တွင်ရွာခွဲ ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့် တွေ့ဆုံစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

စကားဝိုင်း ဆွေးနွေးပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီက ပါတီဝင်ဖွဲ့စည်းရေး ပါတီရှေ့လုပ်ငန်းစဉ်များ ကျစ်လျစ်ခိုင်မာရေး ပြောပြကာ ဆွေးနွေးခဲ့ပြီး တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်လတ်က ၅၉ (စ) ပုဒ်မ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူ တစ်ဦးက လက်ရှိဥပဒေမဲ့ လုပ်ဆောင် နေကြသော ဒုစရိုက်သမားများ နေရာအတော်များများတွင် လုပ်နေကြသဖြင့် သတိကြီးစွာ နေထိုင် သွားကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စက်တန်းကျေးရွာသို့ အထက်ပါ အတိုင်းကျင်းပပြီး ဆွေးနွေးပွဲ စကားဝိုင်းသည် ညနေ ၅ နာရီတွင် ပြီးဆုံးကြောင်း သိရသည်။ဇော်သိန်း(ထန်းတပင်)