ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် မုခ်ဦးဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

 

လေးမျက်နှာ ဧပြီ ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင် တင်မြင့်သည် ယမန်နေ့ နံနက် ၉ နာရီက လေးမျက်နှာမြို့နယ် ပန်းတောကြီးအုပ်စု မန်ကျည်းပင်ကွင်းကျေးရွာရှိ သမိုင်း ဝင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲနှင့် မုခ်ဦး ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ဟင်္သာတ ခရိုင် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးသိန်းထွန်း၊ မုခ်ဦး အလှူရှင်များနှင့်အတူ တက်ရောက်ဖွင့် လှစ်ခဲ့ပြီး ဖောင်တော်ဦးကျောင်းတိုက် ဆရာတော်နှင့် ပင့်သံဃာတော်များအား ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး ပါတီဗဟိုအလုပ်အမှု ဆောင်နှင့် အဖွဲ့ဝင်များသည် ပန်းတောကြီး ကျေးရွာရှိသင်္ဂဟဗလဆန်စက်တွင်ဒေသခံ တောင်သူ ၈၅ ဦးနှင့်တွေ့ဆုံ၍ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ ဈေးကွက်အခြေ အနေများ၊ ခေတ်မီလယ်ယာသုံးစက်ပစ္စည်း များသုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် အကျိုး ကျေးဇူးများ၊ တောင်သူများဘဝ ပိုမိုမြင့် မားတိုးတက်စေရေးဈေးကွက်ဝင် အမည် သစ် သီးနှံများ၊ စိုက်ပျိုးထုတ်လုပ်ရေး၊ မိသားစုပိုင်စိုက်ခင်းများဖြင့် တစ်နိုင်တစ် ပိုင်စိုက်ပျိုး၍ အပိုဝင်ငွေရရှိရေးတို့အား လမ်းညွှန်ဆွေးနွေးခဲ့ပြီး တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ညှိနှိုင်းရှင်း လင်းပေးခဲ့ကြောင်း သိရသည်။

အောင်အောင်ဦး(လေးမျက်နှာ