ပထမဆုံးကြိမ်အဖြစ် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို အင်္ဂလိပ် ၄ သင်း တက်ရောက်

ဥရောပအဆင့် ပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲတွေမှာ  ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်အသင်း ၄ သင်းစလုံး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ မနေ့ညက ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အာဆင်နယ်က ဗလင်စီယာ၊ ချဲလ်ဆီးက ဖရန့်ဖတ်ကို ဖြတ်ကျော်ပြီး ဗိုလ်လုပွဲကို ရောက်လာတာပါ။ ချဲလ်ဆီးနည်းပြ ဆာရီကတော့ အင်္ဂလိပ် ဘောလုံးအဆင့်အတန်းက အရမ်းမြင့်ပြီး ပရီးမီးယားလိဂ်က ဥရောပမှာ အကောင်းဆုံးလိဂ်ပွဲတခု ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာတော့ လီဗာပူးနဲ့ စပါးအသင်းတို့ တက်ရောက်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် စပါးနဲ့ လီဗာပူးအသင်းတို့ လာမယ့် ဇွန် ၁ ရက်နေ့ မက်ဒရစ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ မေ ၂၉ ရက်နေ့ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

-Ref:Skysport