ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံရှင်း

 

ကျောင်းကုန်း မတ်၂၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ် ထန်း တပင်ကျေးရွာအုပ်စု ထန်းတပင် ကျေးရွာတွင် ပြည်သူများနှင့် ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များသည် ရပ်မိရပ်ဖများ၊ ပါတီဝင် များနှင့်တွေ့ဆုံ၍လွှတ်တော်အတွေ့ အကြုံများနှင့်ဒေသဆိုင်ရာဖွံ့ဖြိုး ရေးများအားယနေ့တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျောင်း ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းထွန်း၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ပုသိမ်ခရိုင် ပါတီဥက္ကဋ္ဌဦးကျော်ကျော်၊မြို့နယ် ပါတီအတွင်းရေးမှူးဦးကျော်ဝင်း စိန်နှင့်ပါတီကော်မတီဝင်များတက် ရောက်ကြသည်။

အခမ်းအနားတွင် ရပ်မိရပ်ဖ များက မိမိဒေသလိုအပ်ချက်များ ကိုတင်ပြကြ၍ လွှတ်တော်ကိုယ် စားလှယ်များက ဆက်စပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖိုးခွား၊ ကျော်သူရဦး