ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကျေးပါတီဆိုင်းဘုတ်တင်

 

မြစ်သား မတ် ၂၅

မြစ်သားမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက်၉ နာရီက မင်းလယ်ကျေးရွာ ပါတီ ဥက္ကဋ္ဌ ဦးအုန်းရွှေနေအိမ်တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ကအမွှေးနံ့သာရည် များဖြင့် ပက် ဖျန်း၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူးဦးဝင်းမြင့်၊ နယ် မြေတာဝန်ခံဦးသန်းညွန့်၊ မြို့နယ် ပါတီကော်မတီ ဝင်များ၊ မင်းလယ်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးအုန်းရွှေ နှင့် ပါတီဝင်များတက်ရောက်ကြောင်း သိရသည်။

ဥာဏ်ဆောင်