ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသော ပါတီဝင် မိသားစုများအား တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသော ပါတီဝင်မိသားစု စုစုပေါင်း (၇၃)ဦးအား ၁၅-၁၀-၂၀၂၂ ရက်နေ့ နေ့လည် ၁၃:၃၀ အချိန်မှ ၁၅:၃၀ အချိန်ထိ ပါတီဌာနချုပ် ရန်ကုန်ရုံးခွဲ၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီဝင် မိသားစုများ၏ လိုအပ်နေသောအကူအညီများ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ကူညီဆောင်ရွက်ပေးရန်လုပ်ငန်းများအား တစ်ဦးချင်းစီမေးမြန်းဆွေးနွေးပြီး မှတ်တမ်းမှတ်ရာများကောက်ယူခြင်း၊ စဥ်ဆက်မပြတ်ဆက်သွယ်ရေး လမ်းကြောင်းများဖွင့်လှစ်ပေးခြင်းနှင့် ရန်ကုန်တိုင်းမှ ဆက်သွယ်ဆောင်ရွက် ပေးရမည့် ပုဂ္ဂိုလ်(Focal Person)များ သတ်မှတ်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတို့မှ အကူအညီလိုအပ်နေသော ပါတီဝင်မိသားစုတစ်ဦးချင်းစီအတွက် ထောက်ပံ့ငွေနှင့် လတ်တလောစားသုံးနိုင်မည့် ဆန်အိတ်ငယ်များ ပေးအပ်ခဲ့ပြီး ပါတီဝင်မိသားစုများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။