ဝန်းသိုမြို့သို့ဖားကန့်မြို့နယ်ပြည်ခိုင်ဖြိုးလူငယ်အဖွဲ့မှ လေ့လာရေးခရီးလာရောက်

 

ဝန်းသို ။မတ် ၁၀။

ဝန်းသိုမြို့နယ် မှန်ကင်းတောင်ပေါ်ရှိ ကျောက်လုပ်လဲ့စေတီ သို့ ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဌ ဦးအင်ဖရောင်းဂမ် ဦးဆောင်သော ပြည်ခိုင်ဖြိုးလူငယ်အဖွဲ့စုစုပေါင်းအင်အား(၇၄ဦး)နှင့်အဖွဲ့သည် လေ့လာရေးခရီး လာရောက်ခဲ့ကြောင်းသိရသည်။

၎င်းတို့အဖွဲ့သည် ယမန်နေ့ ညနေ (၉)နာရီအချိန်ခန့်က ကျောက်လုပ်လဲ့စေတီတော် တည်ရှိရာ ကျောင်းဓမ္မာရုံသို့ရောက်ရှိခဲ့ပြီး တစ်ညတာ နားခိုကာ ယနေ့နံနက်ပိုင်းတွင် ကျောက်မျော်စင် နှင့် ရေတံခွန်များသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ကျောက်လုပ်လဲ့ ကျောင်း ကျောင်းထိုင်ဆရာတော်အား ဝတ္ထုငွေ ( ၁၅၀၀၀၀ )ကျပ်လှူဒါန်းကာ ဆရာတော်၏ သြဝါဒကို ခံယူလျှက် ကျောက်လုပ်လဲ့စေတီတော်အား ဖူးမျော်ကြည်ညိုပြီး ဖားကန့်ပြည်ခိုင်ဖြိုးပါတီမှ ဝန်းသိုပြည်ခိုင်ဖြိုးပါတီသို့ ခရီးစဉ်အမှတ်တရပစ္စည်းပေးအပ်ကာ နေ့လည် တစ်နာရီအချိန်တွင် ခရီးစဉ်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်းသိရသည်။

ကျောက်လုပ်လဲ့ခရီးစဉ်အတွင်း ဝန်းသိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဌ ဦးထိန်မင်း| စစ်ကိုင်းတိုင်းဒေသကြီး ပြောရေးဆိုခွင့်ရှိသူ မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဒေါ်ငြိမ်းပြည့်ပြည့်ဝင်းရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ ကျောက်မျော်စင်နှင့်ရေတံခွန်ခရီးစဉ်တစ်လျောက် လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

စိုးလိုင် (ဝန်းသို)