ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှု ဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးညွန့်ဦးနှင့် အလုပ်အမှုဆောင်များနှင့်အတူ ယခုလ ၁ဝ ရက် ညနေ ၆ နာရီခွဲတွင် ဟင်္သာတမြို့ နတ်မော်ကျေးရွာအုပ်စု ကျုံတွမ် (တောင်) ကျေးရွာသို့ရောက်ရှိပြီး အနန္တဇိန ဘေးရန်ကင်းစေတီအား ဖူးမြော်ခဲ့သည်။

uho

ထို့နောက် ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် အဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသခံပြည်သူ များ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့်အဖွဲ့သည် ကျုံတွမ်(တောင်) ရွာမလမ်း၏ နိဗ္ဗာန်ဈေးအား ကြည့်ရှုအားပေးပြီး ပါရိစ္ဆတ္တကာရာမ ကျောင်းတိုက် ဆရာတော် ဦးဒေဝိန္ဒအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းဖူးမြော် ကြည်ညိုသည်။

၎င်းနောက် ဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦးနှင့်အဖွဲ့ သည်နတ်မော်တိလောကဥသျှောင် သျှင်သာလျောင်း ဘုရားကြီးအား ဖူးမြော်ပြီး နှစ်စဉ်ပြုလုပ်သည့် ဆီမီး ၈၄ဝဝဝ ထွန်းညှိပူဇော်ပွဲ မတည်ငွေ ပဒေသာပင်အတွက် ထပ်မံလှူဒါန်းငွေအား ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်းသိရသည်။


Leave a Reply