လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့် ရပ်/ကျေးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

 

နေပြည်တော် မတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လယ်ဝေးမြို့နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီ အထိ လယ်ဝေးမြို့နယ်ပါတီ ကော် မတီနှင့်ရပ်/ကျေးပါတီကော်မတီ ဝင်များ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီပြည်ထောင်စုနယ်မြေအတွင်း ရေးမှူးဦးဌေးဝင်း၊နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦး၊ မြို့နယ် ပါတီဥက္ကဋ္ဌဒေါ်တင်နွယ်ဦးနှင့်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပါတီဥက္ကဋ္ဌ များ စုစုပေါင်းအင်အား ၇ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးက ပါ တီလုပ်ငန်းဆိုင်ရာများ၊ ပါတီဝင် အင်အားတိုးတက်စေရေး၊ ၂ဝ၂ဝ အောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်း စဉ်များ ချပြဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်းက လွှတ်တော်ဆိုင်ရာအခြေအနေများ၊ ပါတီအသစ်များ ထပ်မံဖွဲ့စည်း ပေါ်ပေါက်လာမှုနှင့် မိမိပါတီဝင် ဟောင်း လက်ရှိပါတီဝင်များ ယိမ်း ယိုင်မသွားစေရန် ညီညွတ်စွာ လက်တွဲဆောင်ရွက်ကြစေလို ကြောင်း၊ ပါတီဝင်များပြန်လည် စိစစ်ရန်လိုအပ်ကြောင်း၊ ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး က နိုင်ငံရေး၊ ရခိုင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စများ၊ အခြားနိုင်ငံရေးပါတီများအပေါ် မိမိပါတီဝင်များ၊ ပြည်သူများ ပါဝင်မသွားစေရေးအတွက် ပြတ် ပြတ်သားသားဖြင့် တုံ့ပြန်ရပ်တည် သွားကြရန်လိုအပ်ကြောင်း၊ဆွေးနွေး ခဲ့ပြီးနောက် တက်ရောက်လာကြ သောရပ်/ကျေးဥက္ကဋ္ဌများ၊ပါတီကော် မတီဝင်များက ဒေသဆိုင်ရာများ၊ အခြားပါတီများက စည်းရုံးရေး ကွင်းဆင်းလာသည်များကိုဆွေးနွေး တင်ပြခဲ့ကြရာ ခရိုင်ပါတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)