ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအ

 

ယနေ့(၂၈-၃ -၂၀၁၈)ရက်နေ့ ညနေ(၃း၀၀)နာရီ အချိန် ကယားပြည်နယ် ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဘောလခဲမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါ သည်။
ပထမဦးစွာ တက်ရောက်လာကြသော ပြည်ခိုင်ဖြိုး ပါတီ တာဝန်အဆင့်ဆင့်ရှိသူ များက နိုင်ငံတော်အလံ အား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့်အခမ်း အနား ကိုဖွင့်လှစ်ပါသည်။
ယင်းနောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း က အဖွင့်အမှာစကား ပြောကြားသွားပါသည်။
ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးတင်ဦး (စည်းရုံးရေး တာဝန်ခံ) မှ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဌများ တာဝန်ပေးအပ်ရခြင်းအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအေးမောင်(ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးအေးရွှေ (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) တို့က တာဝန်ပေးအပ်ခြင်းခံရသော ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဌများအား တာဝန်ခန့်အပ်လွှာအသီးသီးပေးအပ်သွားပါသည်။
ပြီးနောက်တာဝန်ပေးအပ်ခြင်းခံရသော ရပ်ကွက်/ကျေးရွာ အုပ်စုပါတီ ဥက္ကဌများ ကတိသစ္စာခံ ယူပါသည်။
ပြီးနောက် ဘောလခဲမြို့နယ် ဘောလခဲကျေးရွာအုပ်စုရေနီပေါက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမီရယ်မှ ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဟန်ထူးထံသို့ ပါတီဝင်အသစ် (၁၅၇)ဦးအတွက် စုပေါင်းပါတီဝင်အဆိုပြုလွှာ အသစ်(၁၅၇) စောင်နှင့် ပါတီဝင် နှစ်စဉ်ကြေး (၁၅၇၀၀၀ိ/)ကျပ် အားပေးအပ်သွားပါသည်။
ထို့နောက် ဘောလခဲမြို့နယ် ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဌများကိုယ်စား စောလုံကျေးရွာအုပ်စု ဟော်ခမ်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးရဲမြင့်အောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသွားပါသည်။
ယနေ့ ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဌ များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်ပါတီယာယီ အတွင်း ရေးမှူး ဦးကျော်မြင့် ပြည်နယ်ပါတီကော်မတီဝင် များဖြစ်ကြသော ဦးအေးရွှေ (ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) (ဘောလခဲနယ်မြေ တာဝန်ခံ ) ဒေါ်ဗျားမြာမောင်(ဘောလခဲမြို့နယ်တာဝန်ခံ) ဦးတင်ဦး၊ ဦးရဲဝင်း၊ ဒေါ်မော်မော်ခိုင်နှင့် ဒေါ်နန်းယဉ်သီတာထွေး ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဌ ဦးအေးမောင်(ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်) ခရိုင်အတွင်းရေးမှူး ဦးချစ်ဦးမောင်နှင့် ခရိုင်ကော်မတီဝင်များဘောလခဲမြို့နယ်၊ အတွင်းရေးမှူး ဦးဟန်ထူးနှင့် မြို့နယ်ကော်တီဝင်များ ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၇၀)ကျော် တက်ရောက်ပြီး ညနေ(၄း၃၅) နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်းနှင့် အခမ်းအနားကို ကြွေးကြော်သံများ ဖြင့်ရုပ်သိမ်းပါသည်။ အခမ်းအနားအပြီးတွင် ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့က ရပ်ကျေးပါတီ ဥက္ကဌများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် ကြောင်း သတင်းရရှိသည်။

လမင်း ချစ်သူ