ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဝင်များက (၇၃)နှစ်မြောက် တပ်မတော်နေ့စစ်ကြောင်းကြီးများကို ဂုဏ်ပြုပန်းကုံး ပန်းစည်းများဖြင့်ကြိုဆို

 

နေပြည်တော် ဇေယျာသီရိမြို့ နယ်ရှိ တပ်မတော်စစ်ရေးပြကွင်း၌ ၂ဝ၁၈ခုနှစ် (၇၃)နှစ်မြောက် တပ်မ တော်နေ့ စစ်ရေးပြအခမ်းအနားကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပရာ စစ်ရေးပြစစ်ကြောင်း ကြီးများအလိုက် ပါဝင်ချီတက်လာ သော တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များအား ပြည် ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုး ပါတီဝင်များက ချီတက်ရာလမ်း ကြောင်းတစ်လျှောက်တွင် ဂုဏ်ပြု ပန်းစည်း၊ ပန်းကုံးများဖြင့် ကြိုဆို ခဲ့ကြသည်။

(၇၃)နှစ်မြေက် တပ်မတော်နေ့ အခမ်းအနားတွင် ချီတက်လာသော စစ်ကြောင်းကြီးများမှ စစ်သည် များအား စစ်ရေးပြချီတက်ရာ လမ်းတစ်လျှောက်တွင် ပြည် ထောင်စုနယ်မြေ၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ ခရိုင်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဝင်အမျိုးသမီးများ စုစုပေါင်း အင်အား ၃၂၂ ဦးတို့မှ ဂုဏ်ပြု ပန်းစည်းများ၊ ပန်းကုံးများဖြင့် ကြို ဆိုခဲ့ကြသည်။

ပေါ်ဦး