အင်းတော်ကြီးပဋ္ဌာန်းပွဲ ပြည်ခိုင်ဖြိုးပါဝင်နွှဲမည်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီး ရေလယ်ဘုရား မဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲ ဝေယျာ ဝစ္စလုပ်ငန်းများ ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးနှင့် (ပထမအကြိမ်) အလှူငွေ ပေးအပ် လှူဒါန်းပွဲကို ဖေဖော်ဝါရီ (၁၈) ရက်က မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် သံဃဝေယျာဝစ္စနှင့် ပဋ္ဌာန်းဝေယျာဝစ္စ အဝဝတို့ကို ပြည်ခိုင်ဖြိုးက တာဝန်ယူဆောင် ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးကြသည်။

ထို့နောက် ပြည်ခိုင်ဖြိုး(ဗဟို) အတိုင်ပင်ခံ-သီရိပျံချီဦးသိန်းဇော်၏ ပဋ္ဌာန်းအလှူငွေ ကျပ်ခြောက်သိန်း ကို ဗဟိုကော်တီဝင် ဦးကျော် စိုးလေးကလည်းကောင်း၊ ပြည်ခိုင်ဖြိုးက စည်းရုံးလက်ခံရရှိသည့် အလှူ ငွေ ကျပ်သိန်း ၉ဝ ကို ခရိုင်ပါတီ အလုပ်အမှုဆောင် ဦးဖိုးထောင်ကလည်းကောင်း ပေးအပ်လှူဒါန်းရာ ပဋ္ဌာန်းပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်း (ခရိုင်ပါတီအတွင်းရေးမှူး) က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မိုးညှင်းခရိုင် ပါတီဥက္ကဋ္ဌဦးစိန်ဝင်းထွန်းနှင့် ကော်မတီဝင်များ၊ မိုးညှင်းနယ်မြေတာဝန်ခံ ဦးမြင့်သန်း၊ နမ္မားနယ်မြေတာဝန်ခံ ဦးခိုင်ဇော်ထွန်းနှင့် ကော်မတီဝင်များ၊ ပဋ္ဌာန်းလုပ်ငန်းတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောငြိမ်းချမ်း