ရွှေဘိုမြို့နယ် အမှတ်(၁)ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ရွှေဘို မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရွှေဘိုမြို့နယ် မြို့မ (၁)တိုက် နယ် အမှတ်(၁)ရပ်ကွက် ဦးတင် ထွန်း နေအိမ်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်တင်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေဘိုမြို့နယ် ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေး မှူး ဦးမြတ်မျိုးညွန့်၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးသန်းဝင်း၊ ဦးရဲညွန့် တို့က ပါတီဆိုင်းဘုတ်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ရပ်ကွက်နေထိုင်သူ ဦးမြအောင်က အခုလို ပါတီဝင်ထု နှင့်တွေ့ဆုံရသည့်အတွက်ဝမ်းသာ ကြည်နူးမိတ်ဆက်စကားပြော ကြားခဲ့သည်။

အဆိုပါ ပါတီဆိုင်းဘုတ်တင် ပွဲကို ရွှေဘိုခရိုင်ပါတီအတွင်းရေး မှူးဦးမြတ်မျိုးညွန့်၊ခရိုင်ပါတီကော်မ တီဝင်ဦးချစ်သန်း၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊မြို့နယ်လူငယ်ရေးရာအတွင်း ရေးမှူး ဦးဇေယျာမိုးဇော်ဗိုလ်နှင့် လူငယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့်ရပ်/ကျေး ပါတီဥက္ကဋ္ဌများ အင်အား၈ဝကျော် တက်ရောက်ကြောင်း သိရသည်။

မိုးစက်လုလင်