အံအားသင့်ဖွယ်ရလဒ်နဲ့ မန်ယူ နောက်တစ်ဆင့်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၃ဂိုး၁ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်သွားပါတယ်။ ဒါဟာချန်ပီယံလိဂ်သမိုင်းတလျောက် အိမ်ကွင်း ပထမအကျာ့မှာ ၂ဂိုးပြတ်နဲ့အထက်ရှုံးခဲ့တဲ့ အသင်းတွေထဲနောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့ပထမဆုံးအသင်းအဖြစ် မန်ချက်စတာ ယူနိုက်တက်ကို မှတ်တမ်းဝင်စေခဲ့ပါတယ်။ ပွဲစချင်းမှာပဲ ပီအက်စ်ဂျီခံစစ်အမှားကတဆင့် လူကာကူက ယူနိုက်တက်အတွက် ဂိုးစသွင်းပါတယ်။ ပီအက်ဂျီအတွက် ဘားနတ်ကချေပဂိုး ပြန်သွင်းနိုင်ပေမဲ့ ဘူဖွန်ရဲ့ အမှားကနေ လူကာကူကပဲ နောက်တစ်ဂိုးသွင်းခဲ့တာကြာင့် ပထမပိုင်းမှာကတည်းက ယူနိုက်တက်က ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘာပေး အပိုင်အခွင့်အရေးရပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာတော့ ခင်ပမ်ပီရဲ့ လက်ထိဘောကို ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ယူနိုက်တက်ကို ပင်နယ်တီပေးခဲ့ပါတယ်။ ပင်နယ်တီကို ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ ယူနိုက်တက်အတွက် အံ့အားသင့်ဖွယ် နိုင်ပွဲယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြ ဆိုးလ်ရှား ဟာ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာကြောင့် လူငယ်တွေကိုပဲ သုံးခဲ့ရပါတယ်။ လူငယ်တွေနဲ့ ခံစစ်ကိုအသားပေးပြီး ပီအက်စ်ဂျီရဲ့ အမှားကို စောင့်ဖမ်း ကစားသွားတာလည်းဖြစ်ပါတယ်။

-Ref:Skysports