အမေရိကန် နှင့် ညှိနှိုင်းဆွေးနွေးရန်မရှိကြောင်း အီရန် သမ္မတ ပြော

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံ၏ စီးပွားရေးတွင် ဖိအားများကျရောက်လျက် ရှိနေသော်လည်း အီရန် အနေဖြင့် အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးလိမ့်မည်မဟုတ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ က ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်က ပိတ်ဆို့မှုများ လုပ်ဆောင်နေခြင်းမှာ နျူကလီးယားအရေးကိစ္စနှင့်မသက်ဆိုင်ဘဲ အီရန်၏ လက်ရှိ အချုပ်အခြာအာဏာကို ထိခိုက်အောင်ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ရိုဟာနီက ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန်တို့သည် စီးပွားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်၏ ပိတ်ဆို့မှုများကြောင် အီရန်နိုင်ငံ၏ စီးပွားရေး အကျပ်အတည်းကျရောက်နေသော်လည်း လုံးဝလက်လျှော့လိမ့်မည် မဟုတ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးရန်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်း အီရန် သမ္မတ က ပြောကြားခဲ့သည်။ အီရန်အပေါ် ချမှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုများတွင် ရေနံ၊ ဘဏ္ဍာရေး နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ ပါဝင်နေသည့် အတွက် အီရန်၏ စီးပွားရေးအပေါ် ဖိအားများကျရောက် နေကြောင်း သိရသည်။

ဆင်ဟွာ