ဗြိတိန် ခရီးသွားလုပ်ငန်းကြီး သောမတ်စ်ကွတ်ခ် ဒေဝါလီခံ

ဗြိတိန် ခရီးသွားလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ သောမတ်စ်ကွတ်ခ်ဟာ အခုလ ၂၃ ရက်မှာ ဒေဝါလီ ခံလိုက်ပါပြီ။ ၁၇၈ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ အဲဒီလုပ်ငန်းကြီးဟာ လုပ်ငန်းကို ဆက်ထိန်းထားနိုင်ဖို့ ပေါင် သန်း ၂၀၀ အကူအညီ ရှာဖွေ ခဲ့တာပါ။ သောမတ်စ်ကွတ်ခ်က “အသိအမှတ် ပြုရလောက်တဲ့ အားထုတ်မှုတွေ လုပ်ခဲ့ပေမယ့် ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေ၊ အဆိုပြုထားတဲ့ ငွေကြေး ထောက်ပံ့ပေးမယ့်သူတွေ ကြားထဲမှာ သဘောတူညီချက် မရရှိခဲ့ပါဘူး။ ဒါကြောင့် ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့အနေနဲ့ ကုမ္ပဏီ ကို ချက်ချင်း ဖျက်သိမ်းဖို့ကလွဲရင် ရွေးချယ်စရာ မရှိခဲ့ပါဘူး”လို့ ထုတ်ပြန်ခဲ့ပါတယ်။ သောမတ်ကွတ်ခ် ဒေဝါလီခံသွားတာကြောင့် တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင် ၂၂၀၀၀ လောက် ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ one news