ချန်ပီယံလိဂ်မှ ထွက်ရပြီးနောက် ရီးရဲလ်ပရိသတ်များ ကွင်းရှေ့တွင် ဆန္ဒပြ၊ နည်းပြကို ထုတ်ပယ်ရန်တောင်းဆို

ဘာနေဗျူးကွင်းတွင် အေဂျက်ဇ်ကို အပြတ်အသတ်ရှုံးကာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ရီးရဲလ်ပရိသတ်များက ကွင်းရှေ့၌ ဆန္ဒပြကာ အသင်း ဥက္ကဋ္ဌပီရက်ဇ်နှင့် နည်းပြဆိုလာ ရီတို့ကို ထုတ်ပယ်ရန် တောင်းဆိုခဲ့သည်။ ဒေါသထွက်နေသော ရီးရဲလ်ပရိသတ်များက ဆိုလာရီကို ထုတ်ပယ်ကာ ရီးရဲလ်နည်းပြ ဟောင်း မော်ရင်ဟိုကို ခေါ်ယူရန် တောင်းဆိုခဲ့ပြီး ဂါရတ်ဘေးလ် ကိုလည်း ချက်ချင်းရောင်းထုတ်ရန် တောင်းဆိုသည်။

ထိုအတောအတွင်း ရီးရဲလ် နောက်ခံလူ ကာဗာဂျယ်က ယခုရာသီသည် ၎င်းတို့အတွက် စိတ်ပျက်စရာ ရာသီ ဖြစ်သည်ဟုထုတ် ဖော်ပြောကြားသည်။ လက်ရှိချန်ပီယံ ရီးရဲလ်သည် ပွဲကျပ်ကာလများအတွင်း အဓိကပြိုင်ဘက် ဘာစီလိုနာကို ရှုံးနိမ့်မှုအပါအဝင်  ရလဒ်ပိုင်းဆိုးရွားနေပြီး လာလီဂါတွင် တတိယနေရာ၌ ရှိနေသည်။ သို့သော် ချန်ပီယံလိဂ်နှင့် ကိုပါဒယ်ရေးဖလား တို့မှ ထွက်ခဲ့ရပြီးနောက် ပရိသတ်များ စိတ်ပျက်မှု ပိုများလာသည်။ ရီးရဲလ်က ဆိုလာရီကို ယခု ရာသီကုန်အထိ ဆက်ထားကာ နည်းပြသစ်တစ်ဦး ခန့်အပ်မည်ဟု သတင်း ထွက်နေသည်။

-Ref: As/Legit