မိုးကောင်းမြိုနယ် လွယ်လီယံကျေးရွာ ရပ်ကျေးကော်မတီဝင် အိမ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

မိုးကောင်း။ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင်မိုးကောင်းမြို့နယ် လွယ်လီယံကျေးရွာ ဒေါ်နန်းဘန် နေအိမ်တွင် ယမန်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ပြောင်းရွေ့ လွယ်လီယံကျေးရွာအုပ်စု ဒေါ်နန်ဘန်နေအိမ် ပြောင်းရွေ့ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် စိုက်ထူခဲ့သည်။

အခမ်းအနားကို မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဌ ဦးထွန်းထွန်းအောင်၊ မြို့နယ်ကော်မတီဝင် နယ်မြေ (၂) တာဝန်ခံ ဦးစိုးနွယ်မြို့နယ် ကော်မတီဝင် ဦးဝင်းသိန်း ဦးစိုင်းထွန်းလှ၊ မြို့နယ်ဘဏ္ဍာရေးမှူး ဒေါ်လီလီဆွေနှင့် ရပ်ကျေးပါတီ ဥက္ကဌများ ပါတီဝင်များ အင်အား (၅၂) ဦးဖြင့် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအာနား အောင်မြင်စွာပြီးမြောက်ကြောင်း သတင်ရရှိသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ