မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ ဆရာအောင်ဇင်ထွန်း၏နာရေး ကူညီငွေပေးအပ်

 

မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ သည် ယမန်နေ့ နံနက် ၉ နာရီခွဲက ဟိုပင်မြို့ မြို့မတောင်ရပ်ကွက် ဆရာကြီးဦးကျော်ရှိန်း၏ နေအိမ်သို့ သွားရောက်၍ ကွယ်လွန်သူ ဆရာ အောင်ဇင်ထွန်း၏ နာရေးအတွက် ပါတီဗဟိုကော်မတီဝင် ဦးကျော် စိုးလေးမှ ငွေကျပ်တစ်သိန်း၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီမှငွေကျပ်တစ်သိန်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ် တစ်သိန်း စုစုပေါင်း သုံးသိန်းကို ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်း အတွင်းရေးမှူး ဦးစိန်ဝင်း၊ ဘဏ္ဍ ရေးမှူး ဦးကျော်ဌေးလှိုင်၊ အရန် ကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ် ဥက္ကဋ္ဌ ဦးကြည်စိုး၊ အတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ က အားပေးစကားပြောကြားခဲ့ပြီး ကူညီငွေများကိုပေးအပ်ခဲ့သည်။

WT