ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဂါယာမြို့ရှိ မဟာဗော ဓိစေတီတော်အား ဖူးမြော် မြန်မာ့ဝိဟာရဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကာ ဆရာတော်များအားဝတ္ထုငွေများလှူဒါန်း

 

ရန်ကုန် ဖေဖော်ဝါရီ ၂၈

အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ရောက်ရှိနေသော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန်မွန်းတည့် ၁၂ နာရီတွင် နယူးဒေလီမြို့မှ ဂါယာမြို့သို့လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာကာ ဂါယာ မြို့ရှိ မဟာဗောဓိစေတီတော်အား ဖူးမြော်ကြည်ညိုခဲ့ ကြောင်း သတင်းရရှိသည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ဂါယာမြို့သို့ ရောက်ရှိပြီးနောက် မဟာဗောဓိစေတီတော်အား ဖူးမြော်ကြည်ညိုခဲ့သည်။ ထို့ နောက် ဂါယာမြို့ရှိ မြန်မာ့ဝိဟာရဘုန်းတော်ကြီးကျောင်း သို့သွားရောက်၍ ဆရာတော်များကို ဖူးမြော်ကြည်ညိုကာ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၄ နာရီ တွင် ဂါယာမြို့မှဆက်လက်ထွက်ခွာခဲ့ပြီး
Rajgir မြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ရောက်ရှိခဲ့ သည်။
Rajgir မြို့သို့ ရောက်ရှိပြီး နောက် နာလန္ဒာတက္ကသိုလ်သို့ ဆက်လက်သွားရောက်ခဲ့ပြီးနာလန္ဒာ တက္ကသိုလ်တွင် Vice Chancellor အဖြစ် တာဝန်ထမ်းဆောင်နေ သောMis Sunaina Singh က သင်ကြားပို့ချနေသော ဘာသာ ရပ်များကို ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိ သည်။

NG