ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နာလန္ဒာနှင့် ရာဇဂြိုဟ်မြို့ရှိ ရှေးဟောင်းဗုဒ္ဓဝင်နေရာများအား ကြည့်ရှုလေ့လာပြီး အမှတ်တရသရက်ပင်စိုက်ပျိုး

 

ရန်ကုန် မတ် ၁

အိန္ဒိယသမ္မတနိုင်ငံ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ သည် ယနေ့တွင် နာလန္ဒာနှင့် ရာဇဂြိုဟ်မြို့ များရှိ ရှေးဟောင်းဗုဒ္ဓဝင်နေရာများအားကြည့် ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
ပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီမှ ၁၁ နာရီ အထိ နာလန္ဒာတက္ကသိုလ် ပရဝဏ်အတွင်း၌ အမှတ် တရ သရက်ပင်စိုက်ပျိုးခဲ့ပြီးနောက်တက္ကသိုလ် ပရဝဏ်အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက် အအုံများကိုတာဝန်ခံဖြစ်သူ Mr. Joy နှင့်အဖွဲ့က လိုက်လံပြသကာ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ပါတီဥက္ကဋ္ဌဦးသန်းဌေးဦးဆောင် သောအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၂ဝမှ မွန်း လွဲ ၁၂ နာရီခွဲအထိ ရာဇဂြိုဟ်မြို့ရှိ ရှေးဟောင်း ဗုဒ္ဓဝင်နေရာများအား လှည့်လည်ကြည့်ရှုလေ့ လာခဲ့သည်။
ရာဇဂြိုဟ်မြို့ရှိ ရှေးဟောင်းဗုဒ္ဓဝင်နေရာများအား လှည့်လည်ကြည့်ရှုလေ့လာရာတွင် အိန္ဒိယဖောင်ဒေးရှင်းမှ ဒါရိုက်တာဖြစ်သူ Capt Alok Bansal မှ လိုက်လံရှင်းလင်းပြသခဲ့သည်။
ပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီခွဲမှ ၃နာရီခွဲ အထိ နာလန္ဒာမြို့ရှိ ရှေးဟောင်းအဆောက်အအုံများ၊ ပြတိုက်များနှင့်ဗုဒ္ဓဝင်နေရာများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ရာတွင် Capt Alok Bansal နှင့် ဧည့်လမ်းညွှန် Mr. Kamala Singh တို့က အသေးစိတ်ရှင်းလင်းပြသခဲ့သည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နာလန္ဒာမြို့မှ ထွက်ခွာခဲ့ကာ ပါတာနာမြို့သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။