စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

ယနေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် အင်းတော်မြို့နယ် ပါတီရုံး၌ အင်းတော်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကို အပိုင်း(၄)ပိုင်းဖြင့်ကျင်းပခဲ့ပါသည်။

ပထမပိုင်းတွင် နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်း စစ်ကိုင်းတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်ကိုစံနှင့် မြို့နယ်ပါတီဥက္ကဌ ဒေါ်သူသူဇင်တို့က အဖွင့်အမှာစကားပြောကြားကြပါသည်။

ဒုတိယပိုင်းတွင် နိုင်ငံရေးကဏ္ဍနှင့် စည်းရုံးရေးကဏ္ဍ ခေါင်းစဉ်တို့ကို အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း မှတ်တမ်းတင်ခြင်း ဖတ်ကြားတင်သွင်းခြင်းများ ဆောင်ရွက်ကြပါသည်။

တတိယပိုင်းတွင် တိုင်းဒေသကြီးလူငယ်လှုပ်ရှားမှု အဖွဲ့ဝင်လောင်း(၇)ဦးရွေးချယ်ခြင်း တိုင်းဒေသကြီးလူငယ် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရမည့် ကိုယ်စားလှယ် ရွေးချယ်ခြင်း ဗဟိုလူငယ်ညီလာခံသို့ တက်ရောက်ရမည့် ကိုယ်စားလှယ်ရွေးချယ်ခြင်းတို့ ဆောင်ရွက်ကြပါသည်။

စတုတ္ထပိုင်းတွင် မြိုနယ်ပါတီဥက္ကဌ ဒေါ်သူသူဇင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ပြည်ခိုင်ဖြိုးလူငယ်သီချင်း သီဆိုကာ အခမ်းအနားရိုတ်သိမ်းကြပါသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်ကိုစံ ကသာခရိုင်ပါတီ အတွင်းရေးမှူး ဦးမင်းဇော်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင် များ အင်းတော်မြို့နယ် ပါတီကော်မတီဝင်များ ခရိုင်နှင့်မြို့နယ် လူငယ်ကော်မတီဝင်များ မျိုးဆက်သစ်လူငယ်မောင်မယ်များ အင်အား(၉၇)ဦး တက်ရောက်ကြပါသည်။