ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီ ကဆုန်​လပြည့်​ ဗုဒ္ဓနေ့၌ ကဆုန်​​ညောင်​​ရေသွန်း​လောင်းလှူ

 

ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီမှ ကဆုန်​လပြည့်​ ဗုဒ္ဓ​နေ့တွင်​ ဒဂုံမြို့ဦး​ရှိ ပြည်​လုံးချမ်းသာ မဟာ​စေတီ​တော်​မြတ်​ကြီး၌ ကဆုန်​​ညောင်​​ရေသွန်း​လောင်းခဲ့ကြပြီး ​ညောင်​​ရေသွန်း​လောင်း လာ​ရောက်​​သော ဧည့်​ပရိတ်​သတ်​များအား အ​အေးများဖြင့်​ ဒါနပြုခဲ့ကြပါသည်​။ ထို့ပြင်​ ဘုရားကြီး ဘက်​စုံမွမ်းမံပြုပြင်​ရန်​အတွက်​ အလှူ​ငွေများလည်းလှူဒါန်းခဲ့ကြပါသည်​။
အဆိုပါ ​ညောင်​​ရေသွန်းပွဲ​တော်​ ကို ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုး ပါတီ မှ နှစ်​စဉ်​ပါဝင်​ဆင်​နွှဲလှူဒါန်းခဲ့သည်​မှာ ယခုနှစ်​ဆိုလျှင်​ ငါးနှစ်​ဆက်​တိုက်​ရှိပြီဖြစ်​ပါသည်​။ မြို့နယ်​ ပါတီ ဥက္ကဋ္ဌ ဦးခင်​​မောင်​​ဇော်​၊ အတွင်း​ရေးမှူး ဦးသန်းစိုး တို့မှ ဦး​ဆောင်​ပြီး မြို့နယ်​ ​ကော်​မတီဝင်​များ ရပ်​ကွက်​ ဥက္ကဋ္ဌ နှင့်​အဖွဲ့ဝင်​များ ပါတီဝင်​လူငယ်​များစုံညီစွာတက်​​ရောက်​ကုသိုလ်​ပြုခဲ့သည်။