မိုင်းဆတ်​ပြည်​ခိုင်​ဖြိုးပါတီမှ မီး​ဘေးသင့်​ပြည်​သူများအား သွားရောက်ကူညီ

 

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း)၊ မိုင်းဆတ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ခရိုင်​ပါတီဥက္ကဌ ဦးစိုင်းခတ္ထိယနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်​အတွင်း​ရေးမှူးနှင့်​ ​ကော်​မတီဝင်​များ၊ ပါတီရုံးဝန်​ထမ်းများသည်​ (၁၈.၂.၂၀၁၈) ရက်​​နေ့တွင်​ မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်အုပ်စု၊ ရေပူစမ်းကျေးရွာ၌ မီးလောင်မှုဖြစ်​ပွားခဲ့​သောနေအိမ် ၃ အိမ်အား ထောက်ပံ့​ကြေးအကူ​ငွေများ သွား​ရောက်​​ပေးအပ်ခဲ့ကြ​ကြောင်းသိရှိရပါသည်​။