တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လိုအပ်သည်များကိုဖြည့်ဆည်းပေး

 

ဗဟိုကော်မတီဝင် တနင်္သာရီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးချစ်သန်း(တောင်ဒဂုံ ဆီ အုန်းစိုက်ပျိုးရေးစီမံကိန်း)သည် ယမန်နေ့ နံက် ၁ဝနာရီမှစ၍ မိမိ၏ စီမံကိန်းဒေသအတွင်း နယ်စပ်ဒေ သဖြစ်သည့် ဘုတ်ပြင်းမြို့နယ်၌ အရှည်(၁၁)မိုင်ရေငံကြီးကျေးရွာ နှင့် ဝါးတင်းကျေးရွာချင်းဆက် လမ်းပိုင်းကိုမြေသားလမ်းအဖြစ် ဖောက်လုပ်နေမှုအပေါ် သုံးစွဲနိုင်ရန် စက်သုံးဆီဂါလန် ၂၅ဝကို လှူ ဒါန်းကာရေငံကြီးကျေးရွာ ဘုန်း တော်ကြီးကျောင်းထိုင်ဆရာတော် အား ဥက္ကဋ္ဌကြီးကသွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခု ဖောက်လုပ်နေသည့် လမ်းပိုင်းမှာမြေသားလမ်းဖြစ်ပြီး လမ်းပိုင်းအား ကျောက်ချော ကတ္တရာလမ်းဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရမှလည်း ဆက် လက်ဆောင်ရွက်ပေးစေလိုသည်ဟု လည်းဒေသခံများကပြောကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌသည် ရေငံကြီးကျေးရွာ တွင် ဆိပ်ခံတံတားဆောက်လုပ် နေမှုအပေါ် သွားရောက်၍ လိုအပ် သည့်ဘိလပ်မြေအိတ် ၁ဝဝ လှူ ဒါန်းခဲ့ကြောင်း သိရသည်။

ရူပ(ကော့သောင်း)