မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီအစည်းအဝေးပြုလုပ်

 

မအူပင် ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီးမအူပင် ခရိုင် မအူပင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသည့် မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အား မာန်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။

အစည်းအဝေးတွင် တာဝန်ရှိ သူများက ပါတီ၏ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြ ခြင်း၊ တက်ရောက်လာသူများက ဆွေးနွေးတင်ပြခြင်းများ ဆောင် ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်ဖေဦး၊ အတွင်းရေးမှူးဦးရန်နိုင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစောသောင်း ဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ မြို့နယ်အရန်ပါတီကော်မတီဝင် များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ဖြိုးမောင်ဇော်(မအူပင်)