ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးများ၏ အခွင့်အရေးအတွက် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန် တိုင်းဒေသကြီးရုံးတွင် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ အခွင့်အရေးများနှင့် ပတ်သက်သော ဥပဒေရေးရာ ဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် အောက်တိုဘာ (၁၁) ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။

ygn1

ဟောပြောပွဲတွင် အမျိုးသမီးများ ကြုံတွေ့ခံစားနေရသော ဒုက္ခပြဿနာများနှင့် ပတ်သက်၍ ဆောင်ရွက်ဖြေရှင်းနိုင် သည့်နည်းလမ်းများကို ဥပဒေပညာရှိ များက ဟောပြောဆွေးနွေးသွားသည်။

တရားလွှတ်တော်ရှေ့နေဥပဒေ ရေးရာကုစားရေးအဖွဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်လှလှရီက အမျိုးသမီးများ၏ ကြုံတွေ့နေရသော အခက်အခဲများကို တရားဥပဒေဆိုင်ရာ ဖြစ်ရပ်များနှင့် ဖြေရှင်းနိုင်ရေးအတွက် အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ပါတီဗဟိုကော်မတီဝင် ဦးသာဝင်းကလည်း ဟောပြောပွဲမှရရှိသော ဗဟုသုတ များနှင့် သိမှတ်ဖွယ်ရာများကို မြို့နယ်များတွင် ပါတီဝင်အမျိုးသမီးများမှတစ်ဆင့် အမျိုးသမီးအားလုံး သိရှိနားလည်နိုင်အောင် မျှဝေစေလို ကြောင်း တက်ရောက်လာသူများကို ပြောသည်။

ပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းကလည်း အမျိုးသမီးများ၏ ဘဝလုံခြုံရေးနှင့်ပတ်သက်၍ ပါတီဝင် အမျိုးသမီးများမှတစ်ဆင့် ထိရောက်သော ကာကွယ်မှုနှင့် အကျိုးခံစားခွင့်များ ရရှိနိုင်ရေးရည်ရွယ်ချက်နှင့် မြို့နယ်နှင့် ခရိုင်များတွင်လည်း ဆက်လက်ဆောင်ရွက်မည်ဟုဆိုသည်။

ချားလ်ကိုး


Leave a Reply