ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစန်းမင်း ပါတီဝင်ဟောင်း များ ရပ်ကျေးပါတီကော်မတီများ ပါတီဝင်များနှင့်တွေဆုံ

လပွတ္တာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစန်းမင်းသည် ယနေ့ နံနက် ၁၀:၀၀ နာရီ တွင် လပွတ္တာမြို့နယ် ရေတွင်ဆိပ်ကျေးရွာအုပ်စု အရာတော်ကျေးရွာတွင် ပါတီဝင်ဟောင်း များ ရေတွင်းဆိပ်ကျေးရွာအုပ်စုရှိ ရပ်ကျေးပါတီကော်မတီများ ပါတီဝင်များနှင့် ရင်နှီးနွေးထွေးစွာ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် လပွတ္တာခရိုင် ပါတီကော်မတီဝင်ဟောင်း  ဦးကြည်စိုး နှင့် အတူ အသင်းဝင်ဟောင်းများလည်းပါဝင်ကြောင်းသိရပါသည်။