လက်ပံအိုင့်ကျေးရွာတွင် ပါတီဆိုင်းဘုတ်တင်ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

မိတ္ထီလာ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် တပျော်အုပ်စု လက်ပံအိုင့် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်ကျေး ဥက္ကဋ္ဌ ဦးကျော်ဌေး၏ နေအိမ်ရှေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် စိုက် ထူကျင်းပခဲ့သည်။

ဆိုင်းဘုတ်စိုက်ထူပြီးနောက် ပါတီဝင်များနှင့်ရေနွေးကြမ်းစကား ဝိုင်းကျင်းပရာ တက်ရောက်လာ သော ပါတီဝင်များက မိမိတို့ကျေး ရွာများတွင် လိုအပ်ချက်ဖွံ့ဖြိုးရေး လုပ်ဆောင်မှု အခြေအနေများကို အပြန်အလှန်ဆွေးနွေးကြသည်။

ထို့နောက် တပျော်အုပ်စု ဆွမ်း လောင်းပွဲအထိမ်းအမှတ် အုပ်စု ဘောလုံးပြိုင်ပွဲသို့ သွားရောက်ပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မုန်တိုင်အုပ်စု မုန်တိုင်ကျေးရွာ ပါတီဝင်ဦးမောင်ကိုနေအိမ်၌ ပါတီ ဆိုင်းဘုတ်တင်ခြင်း ရေနွေးကြမ်း စကားဝိုင်းဆက်လက်ကျင်းပသည်။

ပါတီဆိုင်းဘုတ်များတင်ခြင်း နှင့် ရေနွေးကြမ်းစကားဝိုင်းများသို့ မိတ္ထီလာခရိုင် ပါတီကော်မတီဝင် ဦးဖိုးÓဏ်၊ မြို့နယ်ပါတီယာယီဥက္ကဋ္ဌ ဦးချစ်ထွေး၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊အုပ်စုပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ စုစုပေါင်း ၁၃ဝ ခန့် တက်ရောက်ကြောင်းသိရသည်။

စိုးလှိုင်(ထီလာ)