စပွန်ဆာကြေးများကို လေ့လာမှုအရကမ္ဘာပေါ်တွင် ရီးရဲလ် အချမ်းသာဆုံးအသင်းအဖြစ် ရပ်တည်

ရီးရဲလ်မက်ဒရစ်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ဘောလုံးအသင်းဖြစ်ကြောင်း ဘောလုံးအသင်းများ၏ စပွန်ဆာမှ ဝင်ငွေကို အခြေခံတွက်ချက်ထားသော လေ့လာမှုအရ သိရသည်။

မကြာမီက ချန်ပီယံလိဂ်တွင် ၎င်းတို့၏ အောင်မြင်မှု ရလဒ်တစ်ခုအနေဖြင့် ရီးရဲလ်သည် Emirates, Adidas, Audi, EA Sports, Hugo Boss နှင့် Mahou တို့ကဲ့သို့ စပွန်ဆာကုမ္ပဏီများအတွက် အသုံးဝင်ကြောင်း သက်သေ ပြခဲ့သည်။

ယင်းရလဒ်ကြောင့် ရီးရဲလ် သည် POWA အဖွဲ့၏ စပွန်ဆာ ညွှန်းကိန်းတန်ဖိုးစာရင်းတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေသည်။

ဘာစီလိုနာသည် ဒုတိယ အချမ်းသာဆုံးအသင်းဖြစ်ပြီး Rakuten, Nike, Allianz, Audi, Bettair, Estrella Damn, Gatorade နှင့် Gillette ကုမ္ပဏီတို့မှ စပွန်ဆာ ရရှိထားသည်။

မန်ချက်စတာယူနိုက်တက် က ယင်းစာရင်း၏ တတိယနေရာ၌ ရှိနေကြောင်း သိရသည်။ အားကစား အားလုံးအနက် ဝင်ငွေအကောင်းဆုံးပြိုင်ပွဲသည် NBA ဘတ်စကက်လောပြိုင်ပွဲဖြစ်ပြီး အားကစားအစုအဖွဲ့ အားလုံး ထည့်တွက်ပါက ရီးရဲလ်နှင့် ဘာစီလိုနာသည် ဒုတိယနှင့် တတိယအချမ်းသာဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

ပြီးခဲ့သည့်ရာသီက ဝင်ငွေ ပေါင် ၆၆၅ သန်း ရရှိခဲ့သည့် ရီးရဲလ်သည် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ် နေရာကို မန်ယူထံမှ လွှဲပြောင်းရယူခဲ့ပြီး ဘာစီလိုနာက ဒုတိယနေရာ ရောက်လာကာ မန်ယူမှာ တတိယနေရာသို့ ရောက်ရှိသည်။

—Ref: Marca