အိုလံပစ်ဆုတံဆိပ်မှန်းထားတဲ့ ဂျပန်ရေကူးမယ် အီကီ သွေးကင်ဆာ ဖြစ်နေ

(၂၀၂၀)တိုကျိုအိုလံပစ်မှာ ဆုတံဆိပ်မှန်းထားတဲ့ ဂျပန်ရေကူးမယ် ရီကာကိုအီကီ က သွေးကင်ဆာဖြစ်နေတယ်လို့ အင်္ဂါနေ့က ပြောကြားပါတယ်။

သူမဟာမနှစ်က အာရှအားကစားပွဲမှာ ရေကူးရွှေဆု(၆)ဆုရခဲ့ပါတယ်။ နောက်ပြီး အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့(၂၀၁၈)အာရှ အားကစားပွဲမှာ အီကီ က စံချိန်သစ်တွေလည်း တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အသက်(၁၈)နှစ်သာ ရှိသေးတဲ့ အီကီ ကို ပြီးခဲ့တဲ့လက တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးရေကူးမယ် အဖြစ် ရွေးချယ်ဂုဏ်ပြုခဲ့ကြပါတယ်။ အီကီက”ကျွန်မစိတ်ထဲမှာနေလို့မကောင်းဘူး။ အဲဒါနဲ့သြစတြေးလျ ကနေ အိမ်ကို အမြန်ပြန်ပြီး စမ်းသပ်ကြည့်လိုက်တာ သွေးကင်ဆာဖြစ်နေတယ်”လို့ တွစ်တာပေါ်မှာရေးထားပါတယ်။

“မယုံနိုင်စရာပါပဲ။ စိတ်ရှုပ်စရာလည်းကောင်းပါတယ်။ ကုလို့ ရနိုင်တဲ့ရောဂါပါ”လို့လည်း ရေးထားပါတယ်။ ရောဂါဖြစ်နေတဲ့အတွက် အီကီ ဟာ တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ်ကုန်လောက်မှာ ကျင်းပမယ့် ကမ္ဘာ့ရေကူး ပြိုင်ပွဲကနေ မီတာ(၅၀)အလွတ်ကူး၊ မီတာ(၅၀)လိပ်ပြာကူး နဲ့ မီတာ(၁၀၀) လိပ်ပြာကူး ရွှေဆုတွေရနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးသွားရပါတယ်။ အီကီ ဟာ မနှစ်က ကမ္ဘာ့ရေကူးပြိုင်ပွဲမှာ မီတာ(၁၀၀) လိပ်ပြာကူး စံချိန်သစ်တင်ထားပြီး မီတာ(၅၀) လိပ်ပြာကူးမှာ ဒုတိယအမြန်ဆုံး စံချိန်ရထားပါတယ်။

အီကီဟာ ပြီးခဲ့တဲ့ အာရှအားကစားပွဲမှာ ရွှေဆု(၆)ခုရခဲ့လို့ အားကစားပြိုင်ပွဲတစ်ကြိမ်တည်းကနေ ရွှေဆု အများဆုံးရ အမျိုးသမီးအားကစားသမားဖြစ်ခဲ့ပါတယ်။ သူမဟာ အာရှအားကစားပွဲ လက်ဆင့်ကမ်းပြိုင်ပွဲတွေ ကနေလည်း ငွေ(၂)ဆု ထပ်ရခဲ့ပါတယ်။

 

—Ref: Skysports