အီးဂဲလ်က ပက်ထရွိုက်ယော့အသင်းကို အနိုင်ရပြီး ပထမဆုံး Super Bowl ဖလားရရှိ

ဖီလာဒေးဖီး ယားအီးဂဲလ်အသင်းက  နယူး အင်္ဂလန်ပက်ထရွိုက်ယော့  အသင်းကို ၄၁ မှတ်- ၃၃ မှတ်ဖြင့် အနိုင်ယူပြီး ပထမဆုံး Super Bowl ဖလား ရရှိခဲ့သည်။

အီးဂဲလ်မှ အဓိကခေါင်းဆောင် ကစားသမားနစ်ဖိုးလ်စ်၏ အစွမ်းပြ ထိုးစစ်ဆင်မှုနှင့်အတူ ပက်ထရွိုက်ယော့ အသင်း၏ ဆဋ္ဌ မမြောက် စံချိန်တူမည့် Super Bowl ဖလားကို ငြင်းပယ်နိုင်ခဲ့သည်။

ဇက်အာ့ဇ်၏ လက်ကျန်သုံး မိနစ်အတွင်း စည်းကျော်အမှတ်ရယူနိုင်ခဲ့၍ အီးဂဲလ်က ငါးမှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီး နစ်ဖိုးလ်စ်သည် ယခုပွဲ၏ တန်ဖိုးအကြီးဆုံး American Football ကစားသမားအဖြစ် သတ်မှတ်ခံရသည်။

အီးဂဲလ်ပရိသတ်များသည် ၁၉၆၀ နောက်ပိုင်း ၎င်းတို့၏ ပထမဆုံးသော NFL Super Bowl ဖလားအတွက် ပျော်ရွှင်စွာ အောင်ပွဲခံခဲ့သည်။

ယခုဗိုလ်လုပွဲသည် NFL ပရိသတ်များကို ရသအပေးနိုင်ဆုံးပွဲများအနက် တစ်ပွဲဖြစ်ပြီး ပက်ထရွိုက်ယော့ နည်းပြ ဘေးလ်ဘီ လီရှစ်က ပထမပိုင်းတွင် ထိုးစစ် ဆင်ခွင့်များ လက်လွှတ်ခဲ့ရ၍ စိတ်ပျက်မိသော်လည်း အသင်း၏ ယှဉ်ပြိုင်ပုံကြောင့်  ဂုဏ်ယူမိသည်ဟု ပြောသည်။

အီးဂဲလ်နည်းပြ ဒေါက်ပီဒါ ဆင်က ‘‘ကျွန်တော်တို့ဟာ ကမ္ဘာမှာ အကောင်းဆုံး ကစားသမားတွေကို ရရှိခဲ့ပါတယ်။ အခု ကျွန်တော်တို့ဟာ ကမ္ဘာမှာအကောင်းဆုံး American  Football အသင်း ဖြစ်လာပါပြီ’’ ဟု ပြောကြားသည်။              

—Ref: BBC