ပီအက္စ္ဂ်ီအသင္းက ဂြန္ဆာလို ရာမို႔စ္ကို ေခၚယူေၾကာင္း အတည္ျပဳ

ဩဂုတ္ ၈

ပီအက္စ္ဂ်ီအသင္းဟာ ဘင္ဖီကာအသင္းမွ ေပၚတူဂီတိုက္စစ္မႉး ဂြန္ဆာလို ရာမို႔စ္ကို တစ္ရာသီ အငွား + ယူရို သန္း(၈၀)နဲ႔ အၿပီးသတ္ ေခၚယူနိုင္ခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳေၾကညာခဲ့ပါတယ္။

ရာမို႔စ္က ပီအက္စ္ဂ်ီမွာ ေက်ာနံပါတ္ (၉)ကို ဝတ္ဆင္သြားမွာပဲ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းက ဂြန္ဆာလို ရာမို႔စ္ (၂၂ ႏွစ္)ကို တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ ေခၚယူခဲ့ျခင္းျဖစ္ၿပီး ရာသီကုန္ခ်ိန္တြင္ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမည္ဟု သိရပါတယ္။

==================================

ပီအက်စ်ဂျီအသင်းက ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူကြောင်း အတည်ပြု

ဩဂုတ် ၈

ပီအက်စ်ဂျီအသင်းဟာ ဘင်ဖီကာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို တစ်ရာသီ အငှား + ယူရို သန်း(၈၀)နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ရာမို့စ်က ပီအက်စ်ဂျီမှာ ကျောနံပါတ် (၉)ကို ဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ဂွန်ဆာလို ရာမို့စ် (၂၂ နှစ်)ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီကုန်ချိန်တွင် အပြီးသတ်စာချုပ်ချုပ်ဆိုသွားမည်ဟု သိရပါတယ်။