အိႏၵိယနိုင္ငံက ဆန္တင္ပို႔မႈကို ပိတ္ပင္မႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ထိုင္းနိုင္ငံသည္ အာရွေဒသ အတြင္း ဆန္စပါး ကုန္သြယ္ေရး ဆိုင္ရာ အက်ိဳးအျမတ္ အမ်ားဆုံးရရွိေန

ၾသဂုတ္ ၈

ထိုင္းနိုင္ငံသည္ အိႏၵိယနိုင္ငံ မွ အာရွေဒသ မ်ားသို႔ ဆန္တင္ပို႔မႈမ်ား ပိတ္ပင္မႈ မ်ားျပဳလုပ္ခဲ့ေသာေၾကာင့္ အက်ိဳး အျမတ္မ်ားရရွိေနၿပီး အာရွေဒသမ်ားသို႔ စပါးတင္ပို႔မႈအား ရပ္တန႔္ရန္ အေၾကာင္း မရွိေသးဘူးလို႔ ထိုင္းနိုင္ငံ အိမ္ေစာင့္ ကုန္သြယ္ေရးဝန္ႀကီး Jurin Laksanawisit က ၿပီးခဲံသည့္ ၾသဂုတ္လ ၇ရက္ေန႔ တနလၤာေန႔တြင္ ေျပာၾကားခဲ့ တာျဖစ္ပါတယ္။

ထိုင္းလက္ရွိ အစိုးရအေနျဖင့္ ျပည္တြင္းစားသုံးမႈႏွင့္ ျပည္ပတင္ပို႔မႈ ႏွစ္ခုစလုံးအတြက္ ဆန္အထြက္ႏႈန္း လုံေလာက္မႈရွိေစရန္ႏွင့္ ျပည္တြင္းဆန္ေဈးႏႈန္းမ်ား မျမင့္မား ေစေရးကိုလည္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎က ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

ထို႔ေနာက္ ထိုင္းနိုင္ငံသည္ မက္ထရစ္တန္ခ်ိန္ ၄ ဒသမ ၈ သန္း စပါး တင္ပို႔ခဲ့ၿပီး လစဥ္တင္ပို႔မႈမွာ မက္ထရစ္တန္ ၇၀၀,၀၀၀ မွ ၈၀၀,၀၀၀ အထိရွိေၾကာင္း ၎က ​ဆိုပါတယ္။

အိႏၵိယၿပီးလၽွင္ ကမၻာ့ဒုတိယအႀကီးမားဆုံး ဆန္တင္ပို႔ေနသည့္ ထိုင္းနိုင္ငံသည္ ယခုႏွစ္တြင္ ဆန္မက္ထရစ္တန္ခ်ိန္ ၈ သန္းေက်ာ္ တင္ပို႔နိုင္သြားမည္ဟု ေမၽွာ္လင့္ထားၾကေၾကာင္း ႏွင့္ ထိုင္းဆန္တင္ပို႔သူမ်ားအသင္းဥကၠ႒ ေခ်ာင္မာတက္စ္က မႏွစ္ကထက္ ၇ ဒသမ ၇၁ သန္း တိုးလာေၾကာင္း လည္းေျပာ ဆိုထားပါတယ္။

အိႏၵိယနိုင္ငံက ဆန္ျဖဴတင္ပို႔မႈ ပိတ္ပင္လိုက္ၿပီးေနာက္ ကမၻာ့ဆန္ျဖဴ ေဈးကြက္မ်ား ထိတ္လန႔္တုန္လႈပ္မႈမ်ားျဖစ္ပြား ၿပီးေနာက္ ထိုင္းႏွင့္ ဗီယက္နမ္နိုင္ငံမွ ဆန္တင္ပို႔သူအခ်ိဳ႕သည္ ၾသဂုတ္လအတြင္း တင္ပို႔မႈအတြက္ မက္ထရစ္တန္ခ်ိန္ ငါးသိန္းခန႔္ျဖင့္ အေရာင္းစာခ်ဳပ္မ်ား ျပန္လည္ညႇိႏွိုင္းေနေၾကာင္း ႏွင့္ ကုန္သြယ္ေရးသတင္းရင္းျမစ္မ်ားမွ ၿပီးခဲ့သည့္သီတင္းပတ္အခ်ိန္က ေျပာၾကားခဲ့ၾကတာလည္းျဖစ္ပါတယ္။

======================================

အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုကို ပိတ်ပင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် အာရှဒေသ အတွင်း ဆန်စပါး ကုန်သွယ်ရေး ဆိုင်ရာ အကျိုးအမြတ် အများဆုံးရရှိနေ

 

သြဂုတ် ၈

ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံ မှ အာရှဒေသ များသို့ ဆန်တင်ပို့မှုများ ပိတ်ပင်မှု များပြုလုပ်ခဲ့သောကြောင့် အကျိုး အမြတ်များရရှိနေပြီး အာရှဒေသများသို့ စပါးတင်ပို့မှုအား ရပ်တန့်ရန် အကြောင်း မရှိသေးဘူးလို့ ထိုင်းနိုင်ငံ အိမ်စောင့် ကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit က ပြီးခဲံသည့် သြဂုတ်လ ၇ရက်နေ့ တနင်္လာနေ့တွင် ပြောကြားခဲ့ တာဖြစ်ပါတယ်။

ထိုင်းလက်ရှိ အစိုးရအနေဖြင့် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှု နှစ်ခုစလုံးအတွက် ဆန်အထွက်နှုန်း လုံလောက်မှုရှိစေရန်နှင့် ပြည်တွင်းဆန်ဈေးနှုန်းများ မမြင့်မား စေရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ထို့နောက် ထိုင်းနိုင်ငံသည် မက်ထရစ်တန်ချိန် ၄ ဒသမ ၈ သန်း စပါး တင်ပို့ခဲ့ပြီး လစဉ်တင်ပို့မှုမှာ မက်ထရစ်တန် ၇၀၀,၀၀၀ မှ ၈၀၀,၀၀၀ အထိရှိကြောင်း ၎င်းက ​ဆိုပါတယ်။

အိန္ဒိယပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဆန်တင်ပို့နေသည့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန်မက်ထရစ်တန်ချိန် ၈ သန်းကျော် တင်ပို့နိုင်သွားမည်ဟု မျှော်လင့်ထားကြကြောင်း နှင့် ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ ချောင်မာတက်စ်က မနှစ်ကထက် ၇ ဒသမ ၇၁ သန်း တိုးလာကြောင်း လည်းပြော ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံက ဆန်ဖြူတင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက် ကမ္ဘာ့ဆန်ဖြူ ဈေးကွက်များ ထိတ်လန့်တုန်လှုပ်မှုများဖြစ်ပွား ပြီးနောက် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သူအချို့သည် သြဂုတ်လအတွင်း တင်ပို့မှုအတွက် မက်ထရစ်တန်ချိန် ငါးသိန်းခန့်ဖြင့် အရောင်းစာချုပ်များ ပြန်လည်ညှိနှိုင်းနေကြောင်း နှင့် ကုန်သွယ်ရေးသတင်းရင်းမြစ်များမှ ပြီးခဲ့သည့်သီတင်းပတ်အချိန်က ပြောကြားခဲ့ကြတာလည်းဖြစ်ပါတယ်။