ရိုမေးနီးယား၌ ဒုံးကျည်စနစ် ဖြန့်ကြက်ထားမှုကြောင့် အမေရိကန်နှင့် ရုရှားတို့ အခြေအနေတင်းမာနိုင်

13221042_1707756356131532_4908743756652012802_n

ဝါရှင်တန် မေ ၁၆

ရိုမေးနီးယား၌ အမေရိကန်တို့က ဒုံးကျည်စနစ် ဖြန့်ကြက်ထားခြင်းသည် အမေရိကန်နှင့် ရုရှားတို့ကြား ဆက်ဆံရေးကို ပို၍ ဆိုးရွားမည်ဟု မပြောနိုင်သော်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်ရာ၌ အခက်အခဲ ဖြစ်စေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ကြာသပတေးနေ့က အမေရိကန်တို့သည် ရိုမေးနီးယား၌ ဒုံးကျည်ကာကွယ်ရေး စနစ်များ တည်ဆောက်ခဲ့ပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ ကာကွယ်ရေးစနစ် သက်သက်သာ ဖြစ်ပြီး ရုရှားကို ရည်ရွယ်၍ ပြုလုပ်ခြင်း မဟုတ်ကြောင်း ဝါရှင်တန်ဘက်မှ ပြောသည်။

ရုရှားနှင့် တင်းမာသည့် ဆက်ဆံရေးရှိနေသည့်ကြား ယခုအမေရိကန်၏ ဒုံးကျည် စနစ်ဖြန့်ကြက်ထားမှုသည် နောက်ထပ် တင်းမာမှုများကို ဖြစ်စေသည်။ ၂ဝ၁၄ နှစ်လယ်က ခရိုင်းမီးယားဒေသကို ရုရှားတို့ ဝင်ရောက်ခြင်းအပေါ် ဝါရှင်တန်က ကျူးကျော်မှုဟူ၍ ပြောကြားခဲ့သည်။ ရုရှားတို့က ခရိုင်းမီးယားပြည်သူများ၏ ရွေးချယ်မှု ဟူ၍သာ တုံ့ပြန်ဖြေရှင်းခဲ့သည်။

(ဆင်ဟွာ)


Leave a Reply