ရန်ကုန်မှာ လုပ်မယ့် MMA ပွဲ အောင်လအန်ဆန် ပါမယ်

13567295-1121305814559339-1850061926738006263-n

အောက်တိုဘာလထဲမှာ One Championship (MMA) ပြိုင်ပွဲတစ်ရပ် ရန်ကုန်မြို့မှာ ကျင်းပဖို့ ရှိနေပြီး အဆိုပါ ပြိုင်ပွဲမှာ အောင်လအန်ဆန် ပါဝင်မယ်လို့ သိရပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မှာ MMA ပွဲကို သုဝဏ္ဏအားကစားရုံမှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပြီး အောင်လအန် ဆန်ပါဝင်မယ်လို့ ပွဲစီစဉ်သူ ဇေကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးဇေသီဟက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ တစ်လတစ်ပွဲတောင် လုပ်သွားဖို့ အခြေအနေကောင်းရှိနေပြီး တတိယ ကြိမ်မြောက်ပွဲကို အောက်တိုဘာလမှာ လုပ်သွားမှာ ဖြစ်ကာ အောင်လအန်ဆန်လည်း ပါမယ်လို့ ဦးဇေသီဟက ပြောကြားတာ ဖြစ်ပါတယ်။

အခုလအတွင်း တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ MMA ပြိုင်ပွဲမှာ အောင်လဟာ ရုရှားနိုင်ငံသား ဘူဒိုရင်ကို အနိုင်ရရှိထားပြီး MMA ပွဲပေါင်း ၂၉ ပွဲကစားကာ ၁၈ ပွဲနိုင်၊ ၉ ပွဲ ရှုံးထားပါတယ်။

Source: 7Day Daily

Photos : One Championship


Leave a Reply