ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ညောင်သူများကျေးရွာတွင် ပါတီဝင်စိစစ်ခြင်းနှင့် ရေနွေးကြမ်းစကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

ကနီ ဖေဖော်ဝါရီ ၎

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် ကင်းတောင်ကျေးရွာ အုပ်စု ညောင်သူများကျေးရွာ ရပ်မိ ရပ်ဖများ၊ ပါတီဝင်များနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရပ်/ကျေးပါတီ ဥက္ကဋ္ဌနေအိမ်တွင်တွေ့ဆုံ၍ ပါတီ ဝင်များစိစစ်ခြင်းနှင့် ပါတီ၏ ရှေ့ လုပ်ငန်းစဉ်များ ရေနွေးကြမ်းစကား ဝိုင်းဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ မြို့နယ် ပါတီနာယက၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်း၊ ပါတီအတွင်းရေးမှူး (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ် မာမာဦး၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင် များ၊ ရပ်/ကျေးအမျိုးသမီးရေးရာ အဖွဲ့များ စုစုပေါင်းအင်အား ၃ဝ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကျန်ထွန်းက ပြည်ခိုင်ဖြိုး ပါတီ၏ အဓိထားဆောင်ရွက်သွား မည့်ကဏ္ဍကြီး ရှစ်ချက်ကို ရှင်း လင်းပြောကြားပြီး တက်ရောက် လာသူများအား ပါတီ၏ ရည်ရွယ် ချက်၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားခဲ့ သည်။

ထို့နောက် ပါတီနာယကဦးရှိန် နှင့် ပါတီအတွင်းရေးမှူးဒေါ်မာမာ ဦးတို့က ယနေ့ဖြစ်ပေါ်နေသော အမျိုးသားရေးအခြေအနေများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြ ပြီး မွန်းလွဲ ၃ နာရီတွင် ပြီးစီး ခဲ့သည်။

အောင်မျိုးထွန်း(ကနီလူငယ်)