ပါတီဆိုင်းဘုတ်တင်ပွဲသို့ တိုင်းဒေသကြီးပါတီကော်မတီဝင်တက်ရောက်

 

ပဲခူး ဖေဖော်ဝါရီ ၎

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉နာရီက ပါတီဆိုင်း ဘုတ်တင် အခမ်းအနားကျင်းပခဲ့ သည်။အဆိုပါဆိုင်းဘုတ်တင်အခမ်း အနားသို့ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ခရိုင်ပါတီကော်မတီဝင်ဦးကျော်မင်း ထွန်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဒေါ်နှင်း အိအိဝင်း၊ မြို့နယ်ပါတီအတွင်းရေး မှူးဦးဇော်လင်းထွန်းနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌဦးသန်းအောင်နှင့်ကော်မတီ ဝင်များ၊ရပ်မိရပ်ဖများတက်ရောက် ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးသန်းဇော်ထွန်း က ပါတီဆိုင်းဘုတ်သစ်တင်ရခြင်း အကြောင်းအရာများကို ရှင်းလင်း တင်ပြခဲ့သည်။

ခရိုင်ပါတီကော်မတီဝင်ဦးကျော် မင်းထွန်းက မိမိတို့ပါတီသည် ပြည်သူအတွက် ထာဝရပြည်ခိုင်ဖြိုး ဖြစ်ကြောင်း ပြောကြားပြီး တိုင်း ဒေသကြီးပါတီကော်မတီဝင်၊ ခရိုင် ပါတီကော်မတီဝင်နှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌတို့က ပါတီဆိုင်းဘုတ်သစ် အား အမွှေးနံ့သာရည်များပက်ဖျန်း ပေးခဲ့ကြသည်။ထိုနည်းတူ ဇီးကုန်း မြို့နယ်အမှတ်(၄)ရပ်ကွက်ရှိ မြို့ နယ်ကော်မတီဝင်ဦးခင်မောင်ရီ၏ နေအိမ်တွင် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်နှင့်အဖွဲ့သည် နံနက် ၁၁ နာရီတွင် ပါတီဆိုင်းဘုတ်သစ် တင်အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ကြကြောင်း သိရသည်။

စိုးသစ္စာ